ခမောက်ကြီးမြို့၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး မြေပြင်ကွင်းဆင်းခြင်းဆောင်ရွက်လျက်ရှိ

ခမောက်ကြီး နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအလိုက် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင် ပါဝင်နိုင်ရေး တစ်အိမ်တက်/ဆင်း မြေပြင်ကွင်းဆင်းခြင်းများကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ရပ်ကွက်၊ ကျေးရွာအလိုက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ခမောက်ကြီးမြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်းများဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိ တိုက်ဆိုင်စစ်‌ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး ပါဝင်မှုမရှိသေးသူများအား ပုံစံ(၃)ဖြင့် လျှောက်ထားဆောင်ရွက်ခြင်းများကို တစ်အိမ်တက်၊ ဆင်းကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေးရပ်ကွက်၊ ကျေးရွာအလိုက် တစ်အိမ်တက်၊ ဆင်းမြေပြင်ကွင်းဆင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၄)ရက်နေ့ထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)