ထမ်းဖုရားကျေးရွာ ဘုန်းတော်ကြီးကျောင်း ပြုပြင်ရန်အတွက် ဘိလပ်မြေအိတ် (၇၀) သွားရောက် လှူဒါန်း

ဆီဆိုင်    ဒီဇင်ဘာ     ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပင်စုံကျေးရွာ အုပ်စုအတွင်းရှိ ထမ့်ဖုရားကျေးရွာ ဘုန်းတော်ကြီး ကျောင်း ပြုပြင်ရန်အတွက် လိုအပ်သော ဘိလပ်မြေများကို မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၈ နာရီခွဲက ဘိလပ်မြေ အိတ်(၇၀)ကို သွားရောက်လှူဒါန်းပေးခဲ့သည်။

လှူဒါန်းရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဒုံစေ့နှင့် အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင်များတို့က ထမ့်ဖုရားဘုန်းတော်ကြီးကျောင်း ပြုပြင်ရန်အတွက် လိုအပ်သော ဘိလပ်မြေများ ကို သွားရောက်လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော် ဦးအိန္ဒြာဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ထမ်းဖုရားကျေးရွာရှိ သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တောခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)