(အ-ထ-က)တလုတ္ထော် Quarantine Centre ၌ အသုံးပြုရန် ခြေနင်းလက်ဆေး ဘေစင်လှူဒါန်း

ဟင်္သာတ ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ quarantine center များတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေးဘေစင်(၂)လုံးတွဲကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဟင်္သာတမြို့နယ် တလုတ္ထော်မြို့ တွင် Quarantine Centre ဖွင့်လှစ်ထားသော အ.ထ.က (တလုတ္ထော်) စာသင်ကျောင်းသို့ ခြေနင်းလက်ဆေး ဘေစင်(၂)လုံးတွဲကို ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ Quarantine Centre မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)