ပုလောမြို့နယ်၌ မဲစာရင်းမကျန်ရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစီစစ်ဆောင်ရွက်

ပုလော  နိုဝင်ဘာလ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရာ၌ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းကျန်ရှိမှုမရှိစေရေးအတွက်  ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ တစ်အိမ်တက်ဆင်းကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစိစစ်ဆောင်ရွက်ရာတွင် ပုလောမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၃၀  ရက်နေ့ထိ ၅ ရက်တိုင်တိုင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ပုလောမြို့ပေါ်(၅)ရပ်ကွက်၊ ပလောက်မြို့(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆)အုပ်စုတို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင်ပြည်သူများ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်း၍ မဲစာရင်းများ စီစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုလော(ပြန်/ဆက်)