မြိတ်မြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

မြိတ် နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသများ မွေးထုတ်ပေးနိုင်ရေးအတွက် မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေပိုင်းက မြို့မအားကစား ကွင်းတွင် ကျင်းပသည်။

ဘောလုံးပြိုင်ပွဲကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြား၍ဖွင့်လှစ်ပေးပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားသမားများအား ဂုဏ်ပြုနှုတ်ဆက်ကြသည်။ ထို့နောက် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ပြိုင်ပွဲစတင်ကျင်းပသည်။

ပြိုင်ပွဲပထမပွဲစဉ်အဖြစ် ဧရာနဒီကလပ်အသင်းနှင့် ကြယ်တံခွန်ကလပ်အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြရာ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ(၂၉)ရက်မှ ဒီဇင်ဘာ(၁၆)ရက် အထိ ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း(၁၂)သင်း ပြိုင်ပွဲဝင်အားကစာသမား(၂၅၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)