ပုလော နိုဝင်ဘာလ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ်(၅)ရပ်ကွက် ထိပ်တန်းရှင်သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် မှော်ဘီ(၃)စပါးစိုက်ခင်းရိတ်သိမ်းမှုများကို ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့်တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပုလောမြို့၊ အမှတ်(၅)ရပ်ကွက် ထိပ်တန်းရှင် သမဝါယမအသင်း တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ မြစိမ်းရောင် (သမဝါယမကဏ္ဍ) နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး လယ်ဧက ၁၁၆ ဧက ရှိပြီး မှော်ဘီ(၃) စပါးစိုက်ခင်း ရိတ်သိမ်းမှုတွင် တစ်ဧကပန်းတိုင် အတွက်နှုန်း (၁၀၂) တင်းထွက်ရှိကြောင်း မိုးစပါးစိုက်ပျိုးသူ အသင်းသားတောင်သူများထံမှ သိရသည်။
ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရွေဝါရင် အသင်း၊ ထိပ်တန်းရှင် အသင်း၊ ဇီဇဝါအသင်း၊ ရွှေဟင်္သာ သမဝါယမအသင်းများမှ အသင်းသား တောင်သူ ၄၀ ဦး ဦးဆောင်၍ မှော်ဘီ (၃) စပါးစိုက်ခင်း စိုက်ပျိုးဧက (၂၇၉) ဧကရှိကြောင်း ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ သိရှိရသည်။
အေးအေးမော်(ပုလော)