လွိုင်ကော် ဒီဇင်ဘာ ၃၀
လွိုင်ကော်မြို့နယ် ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine Center တွင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်မော်တာပန့်များ ပြုပြင်ဆောင်ရွက်နိုင်ရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ လျှံထူးအောင် ကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်းအား လာရောက်လှူဒါန်းရာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက ဂုဏ်ပြု မှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)