တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၂/၂၀၂၀) ကျင်းပ

ထားဝယ် ဒီဇင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၂/၂၀၂၀) အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအစည်းအဝေးခန်းမ၌ကျင်းပသည်

အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို က တိုင်းဒေသကြီး စားသုံးရေးရာ ကော်မတီကို ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ခရိုင်စားသုံးသူရေးရာ ကော်မတီများကိုလည်း ဖွဲ့စည်းသွားမှာဖြစ်ကြောင်းသို့မှသာ စားသုံးသူကာကွယ်ရေးရာ လုပ်ငန်း များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်သည့်အပြင် စားသုံးသူ များ၏ အကျိုးစီးပွားအတွက် အကျိုးပြုနိုင်မှာဖြစ်ကြောင်းကိုဗစ်-၁၉ ရောဂါ အခြေအနေအရ လျာထားချက်များ ပြည့်မီ အောင်ဆောင်ရွက်ရန်ခက်ခဲမှုရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထား သည့် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးလုပ်ငန်း များသည် အများပြည်သူအတွက် အကျိုးများစေ၍ အားလုံးက ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်

ထိုနောက် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးမှူးဦးဝင်းထွန်း က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ပထမ (၃)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များအနက် လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေ အနေများအား ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများ က ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဒေါ်ရီရီချို က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်

ကျော်ကျော်လတ်