မလှိုင် ဒီဇင်ဘာ ၃ဝ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ လွှဲပြောင်းရောက် ရှိသည့် (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ က ရွှေမုဋ္ဌောဘုရားပရဝဏ် အတွင်း၌ ဒီဇင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး များ ဆောင်ရွက်ခဲပြီး နေ့ လည်ပိုင်းတွင် မြို့နယ်ရုံးခန်းမ၌ ဝန်ထမ်းများကို တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်းသိရသည် ။
အဆိုပါနေ့ နံနက်ပိုင်းက မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ဦးဆောင်၍ မြို့ပေါ်ရုံးဝန်ထမ်းများက ရွှေမုဋ္ဌောဘုရားပရဝဏ်အတွင်း ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ရင်ပြင်ပေါ် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရာပန်းကပ်လှူခြင်းစသည့် ကုသိုလ် ကောင်းမှုများဆောင်ရွက်ခဲ့ကြသည်။
ယင်းနေ့ နေ့လည်ပိုင်းအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ မြို့ပေါ် ရုံးဝန်ထမ်းများနှင့် ရပ်/ကျေးစာရေး ဝန်ထမ်းများအားတူညီဝတ်စုံ ပေးအပ်ပွဲကိုကျင်းပခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်စိုးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး တူညီဝတ်စုံ ပေးအပ်ခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် ၊ ဒုတိယဦးစီးမှူးများဖြစ်ကြသော ဦးဇင်ကိုလတ် ၊ ဒေါ်သီတာအေးနှင့် ဒေါ်ယဉ်မင်းထက်တို့က ဝန်ထမ်းတစ်ဦးခြင်းစီအား တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။ မလှိုင်မြို့နယ် တွင် ရပ်ကွက်ကြီး(၄)ခု၊ ကျေးရွာအုပ်စု (၅၂ ) အုပ်စုရှိပြီး မြို့ပေါ် ရုံးဝန်ထမ်းများ အပါဝင်စုစုပေါင်းဝန်ထမ်း( ၈၉ ) ဦး ကို တူညီဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည် ။
အောင်ဌေး