လွိုင်ကော် ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က)ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်မှ ကုမ္ပဏီများ လိုက်နာမည့်အကြောင်း အရာများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းတောက်အောင်မှ ကယားပြည်နယ်အတွင်းရှိ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများ ကြီးကြပ်ရေးအဖွဲ့က လာရောက်စိစစ်ကြပ်မတ် ခြင်းမပြုမီ လိုအပ်သည့်အချက်များအား ကြိုတင်ပြင်ဆင်ထားရန်မှာကြားပြီး မှတ်ပုံတင် ရုံးခန်းထားရှိ ခြင်းနှင့် အမည်အသုံးပြုခြင်း၊ မှတ်ပုံတင် ရုံးခန်း ထားရှိခြင်းနှင့် အမည်အသုံးပြုခြင်း(ပြစ်ဒဏ်)၊ ကုမ္ပဏီ မှတ်ပုံတင်များနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း၊ ကုမ္ပဏီ မှတ်ပုံတင် များနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း (ပြစ်ဒဏ်)၊ ဘဏ္ဍာရေးဆိုင်ရာ မှတ်တမ်းများနှင့် စာရင်းများကို ထိန်းသိမ်းထားရှိ ခြင်း၊ ဘဏ္ဍာရေး ဆိုင်ရာ မှတ်တမ်းများနှင့် စာရင်းများကို ထိန်းသိမ်းထားရှိခြင်း(ပြစ်ဒဏ်) စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများမှ သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူတို့က ပြန်လည် ဖြေကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော် မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)