မိုးညှင်း ဒီဇင်ဘာ ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တည်ရှိသည့် အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ဒေသများကို လူထုအခြေပြု သဘာဝခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ FFI (FAUNA & FLORA INTERNATIONAL)က Zoom Online Training ကို ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ အပိုင်း(၃)ပိုင်းဖြင့် သင်တန်းဖွင့်လှစ်ခဲ့ကြောင်း FFI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Field Coordinator ဦးဇော်မင်းထွန်းက ပြောကြားသည်။
အဆိုပါသင်တန်းကို အင်းတော်ကြီးမြို့ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် လုံးစန့်၊ လယ်ပုံလေးတုံစံခစသည့် ကျေးရွာ(၃)ရွာမှ Community based tourim အဖွဲ့ဝင်များ၊ အင်းချစ်သူလူမှုဖွံ့ဖြိုးရေးနှင့်သဘာဝအခြေခံ ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်များ စုစုပေါင်း၁၂ဦး တက်ရောက်ခဲ့ကြပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၁ရက်နေ့အထိ သင်တန်းအပိုင်း(၁)ကို သင်ကြားပေးခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်မှ ၂၁ ရက် နေ့အထိ သင်တန်းအပိုင်း(၂)ကို Zoom Online Training နှင့်အတူ ကွင်းဆင်းပြီး ခရီးသွားလမ်းကြောင်းရေးဆွဲခြင်းများကိုပါ သင်ကြားပေးခဲ့သည်။
“သင်တန်းကို နန့်မွန်းနဲ့ အင်းတော်ကြီးနေရာ(၂)နေရာမှာ လုပ်ဖြစ်တယ် အပိုင်း(၁)က TouismTheory Onlyပဲ၊ အပိုင်း(၂)မှာခရီးသွားလမ်းကြောင်းရေဆွဲရန်အတွက် အဖွဲ့(၃)ဖွဲ့ခွဲပြီး ဆင်ခေါင်းတောင်၊ ရွှေမဥ္ဇူဘုရားအနီးတဝိုက်နဲ့ လွဲမွန်အနီး တဝိုက်တွေကို လမ်းကြောင်းတွေဆွဲပြီး အဖွဲ့လိုက်လေ့ကျင့်ခန်း ဆင်းခဲ့ကြတယ်၊ အဲလိုလမ်းကြောင်းရေးဆွဲရာမှာ ခရီးစဉ်အတွက် ကြာချိန်၊ ကုန်ကျစရိတ်တွေ့မြင်နိုင်သော လေ့လာစရာများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သွားလာနိုင်သော နည်းလမ်းများပါဝင်တယ်၊ အပိုင်း၃ကတော့ လက်တွေ့ပိုင်းဖြစ်လို့ သင်တန်းဆရာ အင်းတော်ကြီးသို့ လာမည့်အချိန်ကို ညှိနှိုင်းနေဆပါဲ” ဟု FFI မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Field Coordin- ator ဦးဇော်မင်းထွန်းကပြောကြားသည်။
ကျော်ကျော်ထွေး(မိုးညှင်း)