ဘုတ်ပြင်း နိုဝင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာပေးလျက်ရှိရာ မိမိအမည်မဲစာရင်းတွင် ပါ၊ မပါအားသိရှိနိုင်ရန်အတွက် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းကမြို့ ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းလိုက်လံ ကောက်ယူ ဆောင်ရွက်ကြသည်။
စာရင်းကောက်ယူရာတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်းမဲပေးခွင့်ရရှိရေး၊ မဲစာရင်းတွင်ပါရှိရေး၊ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ထည့်သွင်းပေးရန် တောင်းဆိုလွှာပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာပုံစံ(၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကိုပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာပုံစံ(၄-ဂ)ဖြင့်လည်းကောင်းသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့မှတစ်ဆင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးသို့ သတ်မှတ်ပုံစံများဖြင့် လျှောက်ထားနိုင်ကြောင်း သိရသည်။
ထိုသို့ မြေပြင်ကွင်းဆင်းစာရင်းအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများကြရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအတွင်း နေထိုင်ကြသည့် အိမ်ထောင်စုများအလိုက် မဲစာရင်းတွင်ပါ၊ မပါတိုက်ဆိုင်စစ်ဆေးစာရင်းကောက်ယူနေမှုကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)