ချင်းရွှေဟော်မှ နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်      ဒီဇင်ဘာ  ၃၀

ချင်းရွှေဟော်မြို့ရှိမြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား   နေရပ်ပြန် ပြည်သူ()ဦးအား   ချင်းရွှေဟော်မြို့၊    ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ် ကုသရေး  လုပ်ငန်းကော်မတီ ဥက္ကဌ ဦးသက်ဦးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ယမန်နေ့၊ မွန်းလွဲ()နာရီ အချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ()ဦးမှာ အမျိုးသား()ဦး၊ အမျိုးသမီး()ဦး တို့ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာ မြို့နယ်မှ()ဦး၊  ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ()ဦး၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် မှ()ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်မှ()ဦး၊ တန့်ယန်းမြို့နယ်မှ()ဦး နှင့် နမ္မတူမြို့နယ်မှ()ဦး တို့ဖြစ်သည်။

၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့၊ အမှတ်()ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ အသွားအလာကန့် သတ်စောင့်ကြည့် ရေ:စခန်းတွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက ပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယအကြိမ်အဖြစ် ၎င်းတို့၏ဓါတ်ခွဲနမူနာ Swab များအားထပ်မံရယူ၍ မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှု ဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ    ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ   သက်ဆိုင်ရာဒေသများသို့    ရောက်ရှိနိုင်ရေးအတွက်   စနစ်တကျစီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)