ကော့သောင်းမြို့နယ် နမ္မတွန်- ရွာဟေ့လူ ကျေးရွာချင်းဆက် နယ်စပ်ပတ်လမ်း ပြုပြင်မှုလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကော့သောင်း  ဒီဇင်ဘာ ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ်စပ်ဒေသ များ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိရာ ကော့သောင်းမြို့နယ် နမ္မတွန်-ရွာဟေ့လူကျေးရွာချင်းဆက် နယ်စပ်ပတ်လမ်းပြုပြင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား တနင်္သာရီ တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးကွပ်ကဲမှုအောက်ရှိ ကော့သောင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများအဖွဲ့ဖြင့် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

ကွင်းဆင်စစ်ဆေးမှုတွင် ကော့သောင်းခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်နှင့် တာဝန်ရှိသူများအဖွဲ့သည် ကော့သောင်းမြို့နယ် နမ္မတွန်-ရွာဟေ့လူ ကျေးရွာချင်းဆက် နယ်စပ်ပတ်လမ်း (၃၆/၂)မိုင်ပေါ်တွင် ငါးမိုင်အရှည်မြေသားလမ်းပြုပြင်းခြင်းနှင့် အမာခံလမ်းခင်းခြင်းလုပ်ငန်းများ စက်ယန္တယားများ အသုံးပြု၍ လမ်းချဲ့တွင်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါလမ်းအား ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေ ကျပ်သန်း (၁၈၂.၆၆၉)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် General Myeik Co. ltd မှတာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း လမ်းပိုင်းအားလုံး လာမည့်၂၀၂၁ခုနှစ် မတ်လအတွင်း လုပ်ငန်းများ ပြီးစီးရန် ရာထားကြောင်း သိရသည်။

ကျော်စိုး