နမ့်ဆန် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ကယားလမ်းကျေးရွာအုပ်စု ဟိုချောင်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်း အရင်းမပျက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးခြင်း လုပ်ငန်းကို ယမန်နေ့နံနက်(၁၀) နာရီက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်အရင်းမပျက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဆောင်ရွက်ရာတွင် နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်သန်းနှင့် မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီတို့က သွားရောက်ကြီးကြပ် ဆောင်ရွက်၍ ဟိုချောင်းကျေးရွာရှိ တောင်သူများအား မြစိမ်းရောင်ရန်ပုံငွေ၏ (၄)ကြိမ်မြောက် ရန်ပုံငွေ ကျပ်(၄၂၀)သိန်းအား ထုတ်ချေး ပေးနိုင်ခဲ့သည်။
နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကို ကျေးရွာပေါင်း(၁၉) ရွာတွင် ထုတ်ချေးပေးနိုင်ခဲ့ပြီး အဆိုပါချေးငွေများဖြင့် ကျေးလက်ဒေသမှာရှိသည့် တပိုင်တနိုင် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ အခြေခံလက်လုပ် လက်စား တောင်သူတို့၏ လူနေမှုဘဝကို မြှင့်တင်ပေးကာ အဆိုပါချေးငွေမှ ရရှိသည့်အတိုးငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီထံမှ သိရသည်။
ကိုအောင်မိုး (ရွှေဖီမြေ)