သရက်ချောင်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက်ချောင်း ဒီဇင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းက လူစည်းကားရာ နေရာများ၌  ဖြန့်ဝေခဲ့သည်။

လက်ကမ်းစာစောင်တွင် ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ အချက်များ ပါဝင်သော လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လူစည်းကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ပြည့်ဖြိုးပိုင်(ပြန်/ဆက်)