မိုင်းရှူးမြို့၌ ဒုတိယမြောက် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ပြု

မိုင်းရှူး   ဒီဇင်ဘာ  ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၌ ဒုတိယမြောက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ ကျန်းမာရေးကောင်းမွန်လာပြီဖြစ်၍ ယနေ့နံနက် ၁၀နာရီအချိန်ခန့်က ဆေးရုံမှ ဆင်းခွင့်ပြုပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာသည် မိုင်းရှူးမြို့ပြည်သူ့ဆေးရုံတွင် ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၂၃ရက်နေ့အထိ ဆေးရုံ Isolation Ward တွင် တက်ရောက်ကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ဒီဇင်ဘာ၂၃ရက်နေ့မှ ၃၀ရက်နေ့အထိ Hospital Quarantine ထားရှိရာ သတ်မှတ်ရက်ပြည့်သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းနှင့် Home Quarantine(၇)ရက် ထပ်မံနေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။

ဆေးရုံဆင်းခွင့်ပြုသည့် အမျိုးသားအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထွဋ်က အားပေးစကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းက ပါးစပ်/နှာခေါင်းစည်းများ၊ လက်ဆေးရည်များပေးအပ်ခဲ့ပြီး Home Quarantine နေထိုင်စဉ်ကာလအတွင်း ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများအတိုင်းနေထိုင်ရေး မှာကြားခဲ့သည်။

လက်ရှိတွင် မိုင်းရှူးမြို့နယ်ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ မရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)