ကျွန်းစု ဒီဇင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မဲစာရင်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၌အဖွဲ့များခွဲ၍ အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက ရပ်ကွက်ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်းများဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါဝင်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင် ပါဝင်မှုမရှိသေးသူများအားပုံစံ(၃)ဖြင့် လျှောက်ထားဆောင်ရွက်ခြင်းများကို Door to Door ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)