ကရသူရိ ဒီဇင်ဘာ ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ပြီးသည်အထိ ထပ်မံကျန် ရှိသည့် ထပ်တိုးအိမ်ထောင်စု များတင်ပြချက်အား မှန်ကန်မှုရှိ/မရှိ ပြန်လည်စစ်ဆေးဆောင်ရွက် ခြင်းကို ယမန်နေ့ မွန်းလွဲ ၃နာရီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအေးမျိုးအောင်နှင့် တာဝန်ကျ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဖြင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများအလိုက် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ငွေကျပ်(၂၀၀၀၀) ထောက်ပံ့ ပေးရာတွင် ပေးသင့်သည့် အချက်များနှင့် မပေးသင့်သည့် အချက်များဖြင့် စစ်ဆေးခြင်း၊ အမှန်တကယ်ရရှိ မည့်သူများ ကျန်ရစ်မှုမရှိစေရေးနှင့် သတ်မှတ်ထားသည့် အတိုင်းပေးအပ်နိုင်ရေး ပြန်လည်စိစစ် ကွင်ဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုးဝင်း