ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင် ပြည်သူများအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်၊ နှာခေါင်းစည်းနှင့် ရေမလိုလက်သန့်ဆေးရည်များ ထောက်ပံ့

ကျောက်မဲ ဒီဇင်ဘာ ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ရှိ တိုက်ပွဲရှောင်စခန်း နေရာသို့ ရောက်ရှိနေသည့် လွယ်အံတင်းကျေးရွာအုပ်စု အတွင်းမှ တိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု၁၄၈ စု၊ လူဦးရေ ၆၀၅ ဦးအတွက် ကျောက်မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်၊ နှာခေါင်းစည်းနှင့် ရေမလိုလက်သန့်ဆေးရည်များကို ယမန်နေ့ညနေ နာရီအချိန်က သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ လွယ်အံတင်းကျေးရွာအုပ်စု အတွင်းတွင်  ဒီဇင်ဘာ ၂၅ ရက်နေ့ကစတင်၍ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လွယ်အံတင်း၊ ကုန်းခါး၊ ခုံငင်း၊ပန်မခံနှင့် ပန်လော့ ကျေးရွာများမှ ပြည်သူများသည် မြို့ပေါ်သို့တိမ်းရှောင်လာကြပြီး ဝါဆိုကျောင်း၊ မန်ကောင်းမူးစာသင်ကျောင်း၊ သန္တိသုခ ဓမ္မာရုံတို့၌ ဒီဇင်ဘာ ၂၈ နေ့စာရင်းအရ လူဦးရေ ၆၀၅  ခိုလှုံ လျက်ရှိပြီး တိုက်ပွဲအတွင်းပိတ်မိနေ သည့်မန်စပ်ကျေးရွာမှ  ပြည်သူ ၈၈ ဦး သည် ကျောက်မဲမြို့ပေါ်ရှိ အောင် ယမန်နေ့တွငမင်္ဂလာ ကျောင်းတိုက်သို့ ဒီဇင်ဘာ ၂၉ ရက်နေ့ညပိုင်းတွင်ထပ်မံရောက်ရှိ လာကြောင်းသိရသည်။

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က  ဒီဇင်ဘာ ၂၈ ရက် အထိ  ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူ ၆၀၅ ဦးအတွက် အိမ်ထောင်စု တစ်စုလျှင် ရေမလို လက်သန့်ဆေးရည် တစ်ဘူးနှုန်း၊  လူတစ်ဦးလျှင်နှာခေါင်းစည်း ခုနှုန်းနှင့် လူတစ်ဦးလျှင် တစ်ပါတ်( ရက်)စာ ဆန် ၁၄ ဘူးနှုန်း ဖြင့် ရေမလို လက်သန့်ဆေးရည် ၁၄၈ ဘူး၊ နှားခေါင်းစည်း ၁၂၁၀ ခု၊ ငွေကျပ်တန်ဖိုး ၁၂ သိန်းကျော် တန်ဖိုးရှိ ဆန် ၄၄ အိတ်ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ထပ်မံရောက်ရှိ လာသည့်တိုက်ပွဲရှောင်းများအတွက် ဆက်လက် ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အဆိုပါတိုက်ပွဲရှောင်ပြည်သူများအတွက်      လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင် များက ဆန်ဆီ ရိက္ခာများ၊ အဝတ်အထည်များ၊ စောင်၊ခြင်ထောင် အိပ်ယာခင်း အစရှိသည့် အသုံးအဆောင်ပစ္စည်းများ လာရောက်လှူဒါန်းမှုများ ရှိကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)