ပင်းတယမြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပင်းတယ   ဒီဇင်ဘာ   ၃၀

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (ရက်နေ့၌ ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အတွဲ ()၊ အမှတ် () “သတင်းစကားလက်ကမ်းစာစောင်အား ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ပင်းတယမြို့ ယာယီဈေး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယနေ့ဖြန့်ဝေပေးသည့် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်း ကောက်နုတ်ချက်များ၊ ၄. . ၂၀၂၀ ရက် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်များ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၃. . ၂၀၂၀ ရက်နေ့ ပြင်ဦးလွင် ခရီးစဉ်တွင် ပြောကြားခဲ့သည့် အမှာစကားကောက်နုတ်ချက်များ၊ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် () ချက်၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်း ပါဝင်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ၍ အခမဲ့ထုတ်ဝေကြောင်းသိရသည်။

အောင်ကိုဦး(ပင်းတယ)