ဇေယျာသီရိ ဒီဇင်ဘာ ၃၀
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက်လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးမင်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဇေယျာသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၅၆)ခုအတွက် ငွေကျပ်(၁၈၂၅.၇၅၄)သန်းအား ကျပ်သန်း(၁၀၀) အထက်လုပ်ငန်း Lot(၁၄)ခု ၊ QC/AC လုပ်ငန်းများအတွက် Lot(၂)ခု စုစုပေါင်း Lot(၁၆) ခုတို့အား တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါလျှောက်လွှာတင်သွင်းထားသည့် နည်းပညာစာအိတ်(A)ကို နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စား လှယ်များ၏ ကိုယ်စားလှယ်များ၊ မြို့နယ်တင်ဒါကော်မတီဝင်များနှင့် တင်ဒါလျှောက်လွှာတင်သွင်း ထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ ရှေ့မောက်တွင် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)