မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ သွားလာသူများအား အခုဝယ်/အခုတပ်စနစ်ဖြင့် ဆောင်ရွက်

မုံးကိုး   ဒီဇင်ဘာ ၃၀

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးကော်မတီဝင်များ ပူးပေါင်းပြီး အရှိန်အဟုန်မပြက် ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ နှားခေါင်းစည်းမတပ်ဘဲ သွားလာနေသူများကို ဒဏ်ငွေ(၂၀၀)ပေး ဆောင်စေပြီး အခုဝယ်/အခုတပ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မြို့စည်ပင်သာယာဈေး၊ ယာယီကုန်စိမ်းဈေးများတွင် နှာခေါင်းစည်း မတပ်ဆင်ဘဲ ဈေးရောင်းနေကြသည့် ဈေးသည်များကိုလည်း ဒဏ်ငွေ(၂၀၀)ပေးဆောင်စေ၍ နှာခေါင်းစည်းများကို စနစ်တစ်ကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်သည်။

မုံးကိုးမြို့၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်များ၊ မြို့ရပ်မိ/ရပ်ဖများ၊ လူငယ်အဖွဲ့အစည်းများ ဝိုင်းဝန်းပူးပေါင်း၍ မြို့အဝင် အထွက်၌ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီသွားရာဇဝင်စစ်‌ ဆေးမှတ်တမ်းယူခြင်းကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)