ဘုတ်ပြင်း ဒီဇင်ဘာ ၃
ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်၍ ကျောင်းသား၊ ကျောင်းသူ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်းကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
စကားဝိုင်းတွင် အထက-အောက်လိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါက လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက ဦးဆောင်၍ Grade-11 ကျောင်းသား မျိုးထက်အာင်၊ Grade-11 ကျောင်းသား မောင်နေဇာလင်း ၊ Grade-11 ကျောင်းသူ မနှင်းလွင်လွင်ဦး၊ Grade-11 ကျောင်းသူ မဖြိုးသဇင်ဗိုလ်၊ Grade-11 ကျောင်းသူ မပိုးဇာခြည်တို့က အင်တာနက်၏ကောင်းကျိုးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ပလတ်စတစ်သုံးစွဲခွဲခြင်းအန္တရာယ်၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ သစ်တောပြုန်းတီးခြင်းနှင့်ကာကွယ်ထိန်းသိမ်းခြင်း စသည့် ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိလိုသည်များ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ပါဝင်ဆွေးနွေးခဲ့သည့် ကျောင်းသူ၊ ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် မြို့နယ်အတွင်း စာဖတ်ရှိန်တိုးတက်မြှင့်မားရေး လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုအားပေးကြပြီး ကာယ၊ ဉာဏ ပျော်ပွဲရွှင်ပွဲများကိုလည်း ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)