ဖျာပုံ ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင် စနစ်ဖြင့်ဖွင့် လှစ်ရောင်းချနိုင်ရေး သက်ဆိုင်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေပေါ်တုံ့ပြန်ရေး ကော်မတီမှ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်ဦးနှင့် စည်ပင်ကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါ၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် ရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား စီစဉ်ဆောင်ထားရွက်မှု ရှိ/မရှိ လိုက်လံစစ်ဆေး ဆောင်ရွက်ကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)