နောင်မွန်းမြို့တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အပြည့်အဝရရှိစေရေး နယ်မြေကွင်းဆင်း၍ တိုက်ဆိုင်စီစစ်ပေးလျက်ရှိ

နောင်မွန်း ဒီဇင်ဘာ ၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသား‌ရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်အမည်စာရင်း၌ ပါသင့်ပါထိုက်သူများမကျန်ရှိစေရန်နှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ပါရှိနိုင်စေရန်အတွက် ဒီဇင်ဘာလ ၁ ရက်မှစတင်၍ သက်ဆိုင်ရာပူးပေါင်းအဖွဲ့များကကွင်းဆင်း၍ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ လဝကဝန်ထမ်းများ၊‌ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများပါဝင်သည့်အဖွဲ့ (၁၉) ဖွဲ့ဖြင့် နယ်‌မြေကွင်းဆင်း၍ တစ်အိမ်တက်ဆင်းသွားရောက်ကာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အပြည့်အဝရရှိသည်နှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲဆန္ဒရှင်စာရင်းတွင်ပါမပါ၊ အသက် (၁၈) နှစ်ပြည့်ပြီးသူများကျန်မကျန် တိုက်ဆိုင်စီစစ်၍ မဲစာရင်းတွင်မပါရှိသူများပါရှိနိုင်ရေးနှင့် မပါသင့်သူများ ပယ်ဖျက်နိုင်ရေး၊ အိမ်ထောင်စုများမှ အမည်စာရင်းနှင့်မှတ်ပုံတင်အမှတ်များ မှန်ကန်မှုရှိမရှိကို သက်ဆိုင်ရာမဲဆန္ဒရှင်အမည်စာရင်းနှင့် အိမ်ထောင်စုများနှင့်အတူ တိုင်ဆိုင်စီစစ်ဆောင်ရွက်ပေးမှုများကို ဒီဇင်ဘာလ ၁ ရက်မှဒီဇင်ဘာလ ၅ ရက်နေ့အထိ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)