ခမောက်ကြီး ဒီဇင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ခမောက်ကြီးမြို့ အခြေခံပညာမူလတန်းကျောင်း စမ်းသီတာတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ခမောက်ကြီးမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က ခမောက်ကြီးမြို့အတွင်းမှ လာရောက်ကြသူကလေးငယ်များ၏ အသက်အရွယ်အပိုင်းအခြားအလိုက် ဦးနှောက်အမြှေးပါးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ ဂျိုက်သိုး၊ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးပြီး၊ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၊ ကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)