ဗန်းမော်မြို့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ဗန်းမော်      ဒီဇင်ဘာ   ၃၀

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ကျရောက်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီခွဲခန့်က ဗန်းမော် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်တို့က တက်ရောက်ခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အသင်းနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အသင်းတို့ စတင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အသင်း(၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမျိုးသမီး ဝန်ထမ်းများက ကြက်ဥကောက်ပြိုင်ပွဲ၊ ဖယောင်းတိုင ်မီးထွန်းအပြေးပြိုင်ပွဲ၊ အပ်နဖားထိုးပြိုင်ပွဲ၊ ပန်းကန်ပြား ရွက်ပြိုင်ပွဲ၊ ပူစီပေါင်းပုတ်ပြိုင်ပွဲ၊ ရေသန့်ဗူးအတွင်း မီးထွန်းထားသည့် ဖယောင်းတိုင်ထည့်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများ ဆက်လက် ကျင်းပခဲ့ ကြောင်း သိရသည်။

ကိန်းဖြူ၊ ဗန်းမော်(ပြန်/ဆက်)