မိုးမောက်မြို့ အ.ထ.က (ခွဲ) ကြံခင်းကျောင်းတွင် RCC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း ပန္နက်တင် အခမ်းအနားကျင်းပ

မိုးမောက်     ဒီဇင်ဘာ     (၃၀)

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ အ.ထ.က(ခွဲ)ကြံခင်းကျောင်းတွင် RCC (၂)ထပ် ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ မင်္ဂလာအချိန်တွင် စတင်ကျင်းပရာ မိုးမောက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပန္နက်ရိုက်ခဲ့ကြသည်။

အဆိုပါ အဆောက်အဦသည် (၁၇၀×၃၀)ပေ  RCC (၂)ထပ်ဖြစ်ပြီး ကျပ်သန်း (၁၃၈.၁၉)သန်း ဖြင့် ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မနောကေကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်ကြောင်းသိရှိရသည်။

လွန်းနန်းထွေး