ထန်တလန် ဒီဇင်ဘာ ၃၀
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေ ကျပ်သိန်း ၉၃၆၀၀၀၀ အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ပထမသုံးလပတ် အောက်တိုဘာ ၊နိုဝင်ဘာနှင့်ဒီဇင်ဘာလ(၃) လအတွက် ကိုဗစ်-၁၉ေရာဂါဖြစ်ပွားသည့် ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဥ်အရ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်အောင်ဝင်းဦးဆောင်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ခင်အေးသက် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထန်တလန်မြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်အထက် သက်ကြီးဘိုးဘွား(၂၉၆) ဦးတို့အတွက် (၁)ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးများထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)