ဖလမ်း ဒီဇင်ဘာ ၃၀
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး ဆုများ ချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာ တလွန်ကျုံးထန် က လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံးဆုများ ချီးမြှင့်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ၂၀၂၀ ပြည့်နှစ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်အကောင်းဆုံးဆုရ ဝန်ထမ်း(၅) ဦးကို ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဆုငွေများအား ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ဆုရရှိသူများက ကျေးဇူးတင် စကား ပြန်လည်ပြောကြားကြသည်။
၂၀၂၀ ပြည့်နှစ်အတွင်း ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ဝန်ထမ်းများအား အငယ်တန်းဝန်ထမ်းမှ အကောင်းဆုံးဆု၊ အခြားဝန်ထမ်းအစုအဖွဲ့မှ အကောင်းဆုံးဆု၊ သူနာပြု ဝန်ထမ်းအစုအဖွဲ့မှ အကောင်းဆုံးဆု၊ ဝန်ထမ်းအားလုံးမှ အကောင်းဆုံးဆုနှင့် အထူးဆုများကို ဖလမ်းခရိုင် ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်က ချီးမြှင့်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ဂျွန်