ကြံခင်း ဒီဇင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် ဖြိုးစည်သူ စက်သုံးဆီဆိုင်အား မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်မီးသတ် ဦးစီးဌာနမှ ဟောပြောသရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ ဖြိုးစည်သူစက်သုံးဆီ အရောင်ဆိုင် ခန်းမဝန်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကြံခင်းမြို့ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင်မှ မီးဘေးအန္တရာယ် ကာကွယ် တားဆီးရေးနှင့် လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရေး၊ ရုတ်တရက် မီးလောင်မှုဖြစ်ပွားပါက ငြိမ်းသတ်ရမည့် အချက်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်မီးသတ် ဦးစီးဌာန ဒုမီးသတ်ဦးစီးမှူး စည်သူအောင်က မီးသတ်ဆေးဗူး အသုံးပြုပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး၊ မြို့နယ် မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင် ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များမှ ဖြို့စည်သူ စက်သုံးအရောင်းဆီဆိုင်မှ တာဝန်ခံနှင့် အရောင်းစာရေး ဝန်ထမ်းများအား မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများ အသုံးပြုပုံ၊ ဆီကြောင့်ရုတ်တရက် မီးလောင်မှုဖြစ်ပွားလျှင် မီးသတ်ဆေးဗူး စနစ်တကျသုံးပြီး ငြိမ်းသတ်ပုံများ၊ မီးငြိမ်းသတ်ရေး ပစ္စည်းများ စနစ်တကျ အလွယ်တကူ အသုံးပြုနိုင်ရန်ထားရှိပုံများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မီးသတ်ရေလှောင်ကန်ထားရှိမှုအား စစ်ဆေးခြင်း ဟောပြောသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)