မြောင်းမြ ဒီဇင်ဘာ ၃၀
မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းသား/သူဟောင်းများ၏ (၂၆)ကြိမ်မြောက် မြတ်ဆရာပူဇော် ကန်တော့ပွဲ ၂၀၂၁ခုနှစ်၊ဖန်နဝါရီလ(၁၀)ရက်နေ့ နေ့လည် (၁၂)နာရီတွင် Online မှကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။
အထက(၁)ကျောင်း၏မြတ်ဆရာကန်တော့ပွဲကျင်းပရေးကော်မတီအနေဖြင့်အခမ်းအနားကို နှစ်စဉ် ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် Online မှတဆင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ အသက် ၆၀ နှစ်အထက်ဆရာကြီး၊ ဆရာမကြီး(၁၃၁)ဦး ပူဇော် ကန်တော့ခံမည်ဖြစ်ကြောင်း၊ အသက် ၆၀-၆၅နှစ်အတွင်းရှိဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ကျပ်(၁၅၀၀၀၀)၊ အသက် ၆၅-၇၅နှစ်အတွင်း ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင်ကျပ် (၂၀၀၀၀၀)နှင့်အသက် ၇၅နှစ်နှင့် အထက်ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင်(၂၅၀၀၀၀)နှုန်းဖြင့် ပူဇော်ကန်တော့မည်ဖြစ်ကြောင်း၊ မြို့ပေါ်ရှိဆရာကြီး/ ဆရာမကြီးများ အားမြတ်ဆရာ ပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေး ကော်မတီမှ အိမ်များသို့ လိုက်လံကန်တော့မည်ဖြစ်ကြောင်းနှင့် အဝေးရောက်ဆရာကြီး၊ ဆရာမကြီးများအား Wave money, KBZ Pay, Mobile Banking များဖြင့် လွှဲပို့ကန်တော့မည်ဖြစ်ကြောင်းသိရသည်။
မြောင်းမြမြို့အထက(၁)မြတ်ဆရာပူဇော်ပွဲသို့Online တတ်ရောက်လိုသူများသည်Zoom Meeting ID Code. 978 501 3131 , Pass Code - shs 1 သို့ချိတ်ဆက်ဝင်ရောက်နိုင်ကြောင်း သိရသည်။
စန္ဒာကြည်(ပြန်/ဆက်)