မိုင်းရယ် ဒီဇင်ဘာ ၃၀
ကူးစက်မြန် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် မိုင်းရယ်မြို့ မြို့အဝင်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ် ဖြတ်သန်းသွားလာသည့် လူနှင့် ယာဉ်များအား စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ မိုင်းရယ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် နေ့စဉ် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ စနစ်တကျစစ်ဆေးလျက်ပြီး ဖြတ်သန်း သွားလာသည့် ယာဉ်နှင့် လိုက်ပါလာသည့်သူများအား ကျန်းမာရေးထောက်ခံချက်များ စစ်ဆေး ခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းများကို ဆောင်ရွက်ပြီး ကုန်တင်ကားကြီးများအား မြို့အတွင်း ရပ်တန့်မှုမရှိစေရေးအတွက် မြို့အဝင်ဂိတ်မှ မြို့အထွက်ထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လိုက်လံပို့ ဆောင်ပေးခြင်းများပြုလုပ်လျက်ရှိပါသည်။
မိုင်းရယ်မြို့နယ်အနေဖြင့် ကူးစက်မြန် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်မှုအနေဖြင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာ ရေးဌာနတို့မှ mask များ ဖြန့်ဝေခြင်း၊ စနစ်တကျတပ်ဆင်စေရေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်