စဉ့်ကိုင် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက် (၁၁) နာရီက တရုတ်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထပ်တိုး ထောက်ပံ့ငွေများကို ထပ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်း ဖြင့် မြို့ပေါ် (၅)ရပ်ကွက်နှင့် အုန်းပင်ခြံကျေးရွာတို့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် မဲဆန္ဒနယ်မြေအမှတ် (၁) ဦးအောင်နိုင်လင်း ဦးဆောင်၍ ဌာနဆိုင်ရာများက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ကျန်ရှိနေသော အိမ်ထောင်စုများကို စတုတ္ထအကြိမ် ထပ်တိုးထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် ရပ်ကွက်ကျေးရွာအုပ်စု (၅၃)အုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စု (၈၁၆၆) စု ကို အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၁၆၃၃၂၀၀၀၀) ကျပ်ကို စတုတ္ထအကြိမ် ထပ်တိုးထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အောင်ပိုင်ပိုင်ကျော်