စဉ့်ကူး ဒီဇင်ဘာ ၃၀
စဉ့်ကူးမြို့နယ်ရှိ အ-ထ-က စဉ့်ကူးတွင် ရန်ကုန်မှပြန်လာသူ ၊ မန္တလေးမြို့မှပြန်လာသူ နှင့် ပိုးတွေ့လူနာများနှင့် ထိတွေ့ ဆက်စပ်သူ ( ၃၈ )ဦးအား Facility Quarantine အဖြစ်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လိုအပ် သည်များ စောင့်ကြပ်ပေးလျက်ရှိသည်။
ထိုသို့ စောင့်ကြည့်လျက်ရှိသည့် Quarantine ဝင်ရောက်သူ( ၃၈ )ဦး၏ နှာခေါင်းတို့ဖတ် အာခေါင် တို့ဖတ်တို့အား ရယူကာစဉ့်ကူးမြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျန်းမာရေးဆိုင်ရာဌာန မန္တလေးသို့ ပို့ဆောင်စစ် ဆေးခဲ့ရာ အမျိုးသမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိရာယနေ့ နံနက် (၈)နာရီခွဲ အချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများက အ-ထ-က စဉ့်ကူး Facility Quarantine မှ စဉ့်ကူးမြို့နယ် ပြည်သူ့ကျန်းမာရေးဉီးစီးဌာနရှိ အထူးကြပ်မတ် ကုသ ဆောင်သို့ ပို့ဆောင်ခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့သူ အမျိုးသမီးနှင့်ထိတွေ့ဆက်စပ်မှုရှိသူများအား မြို့နယ် ကျန်းမာရေး ဦးစီး ဌာနမှ စီစစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်( ၃၇ )ဦးတွင် ကိုဗစ်-၁၉ ပိုးမတွေ့ရှိကြောင်း သိရှိရသည်။
တင်တင်နု