မိုင်းဆတ် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ နှစ်စဉ် မီးခိုးများနှင့် မြူငွေ့များကျရောက်ခြင်းကြောင့် လေယာဉ်ခရီးစဉ်ရွေ့ဆိုင်းရခြင်း၊ ဒေသခံပြည်သူများ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဝေဒနာများ ကြုံတွေ့ခံစားရခြင်းကြောင့် ယခုနှစ်တွင် မီးခိုးနှင့်မြူငွေ့ညစ်ညမ်းမှုလျော့ချနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်က နှစ်စဉ် တာချီလိတ်မြို့နှင့် မိုင်းဆတ်မြို့တို့တွင် နွေရာသီ၌ မီးခိုးနှင့်မြူများကျရောက်မှု၊ ယခုနှစ်တွင် မီးခိုးနှင့်မြူငွေ့ ညစ်ညမ်းမှုလျော့ချနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များ၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ရော်ဘာခြံများ မီးတားလမ်းဆောင်ရွက်ရေး၊ သစ်တောဦးစီးဌာန စိုက်ခင်းသစ်များအတွက် မီးရှို့ရာတွင် ဇန်နဝါရီလ နောက်ဆုံးပတ်အပြီး ဆောင်ရွက်နိုင်ရေး တောမီးနှင့်တောင်ယာမီးရှို့မှု လျော့ချနိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ယခင်နှစ်များက ဖေဖော်ဝါရီလနောက် ဆုံးပတ်မှ မေလ ပထမပတ်အထိ မီးခိုးများနှင့် မြူများကျခြင်းကြောင့် နေရောင်ကောင်းစွာမမြင်ရခြင်း၊ လေယာဉ်ခရီးစဉ်များ ရွေ့ဆိုင်းရ ခြင်း၊ ဒေသခံပြည်သူများ မျက်ခမ်းစပ်ခြင်း၊ အသက်ရှုရခက်ခဲခြင်းများ ကြုံတွေ့ခံစားရသဖြင့် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ မြို့တွင်းရေပက်ဖျန်းခြင်းများဆောင်ရွက်ခဲ့မှု၊ မီးခိုးမြူကျ ရောက်မှု လျော့နည်း သက်သာစေရေးအတွက် တောင်ယာမီးရှို့ခြင်းများ မပြုလုပ်ရန် ဒေသန္တရအမိန့်များ ထုတ်ပြန်ဆောင်ရွက်ခဲ့မှုနှင့် ယခုနှစ်တွင် တောမီးလောင်မှု လျော့ချနိုင်ရေးအတွက် စည်းကမ်းမဲ့တောမီး မရှို့ ရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေတို့ကိုလည်းကောင်း၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံမြို့နယ်သစ်တောဦးစီးမှူးတို့က သစ်တောကြိုးဝိုင်းများအတွင်း ကျူးကျော်တောင်ယာခုတ်မှု မရှိစေ ရေးကွင်းဆင်းစစ်ဆေး ဆောင်ရွက်မည့် အခြေအနေများ၊ သစ်တောစိုက်ခင်းသစ်များအတွက် မီးရှို့ခြင်းနှင့် မီးတားခြင်းဆောင်ရွက်မည့်အခြေအနေတို့ကိုလည်းကောင်း တင်ပြဆွေးနွေးသည်။
ယင်းနောက် ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရွှေပြည်စိုးနှင့် အစည်းအဝေး တက်ရောက်လာကြသူများက ယခုနှစ်တွင် မီးခိုးနှင့်မြူငွေ့ ညစ်ညမ်းမှုလျော့ချနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)