မြစ်သား ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ဒီဇင်ဘာ ၉ ရက်နေ့နံနက် ၉ နာရီက ကင်းစိန်ဈေး အခြေခံပညာမူလတန်းကျောင်းတွင် ကုသပေးခဲ့ကြောင်း သိရသည်။
မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်ဆေးမှူး ဒေါ်စိုပြေဝင်းက ဆောင်းရာသီတွင် ဖြစ်ပွားတတ်သော နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်းရောဂါများအတွက် ကုသပေးခြင်း၊ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ကျောင်းသား၊ ကျောင်းသူ (၁၀၂)ဦးအား ကုသပေးခဲ့ကြောင်း သိရသည်။ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ကွင်းဆင်းကုသပေးခြင်းများကို သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေး သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)