ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်းဆောင်ရွက်

ကရသူရိ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်းကို  ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ  ကျောင်းစာများသာမက စာအုပ်၊ စာပေမှပေးသော   အသိပညာ၊ အတတ်ပညာများရရှိရေး၊  စာအုပ်/စာပေချစ်မြတ်နိုးရေးနှင့် စာဖတ်အားကောင်းမွန်စေရေး စာပေဝါသနာရှင်များထွန်းကားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃က၊ တစ်ဦးချင်းဖတ်ရှုခြင်း၊ စာပေဖတ်ရှုရန်နည်းလမ်းများ၊ မိမိစိတ်ဝင်စားရာ စာပေဖတ်ရှုခြင်းတို့ကို လေ့ကျင့်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ခြင်းသည် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်၍ စာဖတ်ရှိန်တိုးတက်မြင့်မားလာစေရန် အလေ့အကျင့်များပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)