မူဆယ် ဒီဇင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အမျိုးသား ဝန်ထမ်း(၁)ဦးထံ၌ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။
ထို့ပြင် ရောဂါပျောက်ကင်း၍ ယနေ့၊ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း(၄)ဦးရှိပြီး လက်ရှိမူဆယ် ခရိုင်၊ ပြည်သူ့ဆေးရုံတွင် အမျိုးသား(၈)ဦးနှင့်အမျိုးသမီး(၂)ဦး စုစုပေါင်း(၁၀)ဦး ဆေးကုသမှု ခံယူလျက်ရှိသည်။
ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရပြီးမူဆယ်မြို့၌ ရောဂါထိန်းချုပ်ကုသနိုင်ရန်အတွက် ပြည်သူလူထုများအနေဖြင့် ကျန်းမားရေးလမ်းညွှန်ချက်များကို စနစ်တစ်ကျလိုက်နာဆောင်ရွက်ကြရန် မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဟန်နိုင်စိုးက အကြံပြုဆက်လက်ပြောကြားသည်။
မူဆယ်မြို့တွင် ပိုးတွေ့လူနာစုစုပေါင်း(၅၅)ရှိပြီး (၄၅)ဦးဆေးရုံဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံမှ သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)