လွိုင်ကော် ဒီဇင်ဘာ ၃၁
လွိုင်ကော်မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်များ ထောက်ပံ့နိုင်ရန် သတ်မှတ် စီစစ်ရွေးချယ်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ စီစစ်ရွေးချယ်ရာတွင် ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများအဖြစ် စိစစ်ရွေးချယ်သည့် မြို့နယ်အဆင့် စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းနှင့် မြို့နယ်အဆင့် စိစစ်ရေး ကော်မတီအဖွဲ့ဝင်များက လုံခြုံရေးအခြေအနေ၊ ဆက်သွယ်ရေး စနစ်ခက်ခဲခြင်း စိစစ်ချက်၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ ပညာရေးစနစ်ဖွံ့ဖြိုးမှု အခြေအနေ၊ ပညာရေးစနစ်ဖွံ့ဖြိုးမှု အခြေအနေ၊ လျှပ်စစ်ဓါတ်အား လုံလောက်မှုအခြေအနေ၊ စီးပွားရေးလုပ်ငန်းများ ဖြစ်ထွန်းမှု အခြေအနေ၊ ရာသီဥတုဆိုးရွားမှု အခြေအနေ၊ လူမှု့ပတ်ဝန်းကျင်ခက်ခဲမှု အခြေအနေ၊ စက်သုံးဆီဖြန့်ဖြူးပေးနိုင်မှု အခြေအနေ စသည့် အခြေခံသတ်မှတ် ချက်(၁၁)ချက်နှင့် ကိုက်ညီသည့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများကို စီစစ်ရွေးချယ် ခဲ့ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)