ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များ ပြသ

ကရသူရိ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်များပြသခြင်းကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများပြည့်စုံရေး၊ ထူးချွန်ထက်မြက်ရေး၊ ဉာဏ်ရည်၊ ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်/ စာပေများ ဖတ်ရှုရန်လိုအပ်ကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး လိုက်နာရမည့်အချက်များ၊ လက်တဲ့မစမ်းသင့်သည့် မူးယစ်ဆေးဝါးများအကြောင်းနှင့် သဘာဝဘေးအန္တရာယ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် မီးဘေး၊ လျှပ်စစ်ဘေး အန္တရာယ်တို့ကို ပညာပေးဟောပြောသည်။

ထို့နောက် အသိပညာဗဟုသုတရရှိရေး မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လျှပ်စစ်ဘေးအန္တရာယ်ဆောင်ရန်၊ ရှောင်ရန် နံရံကပ်စာစောင်တို့ကို ပြသရာ ကျောင်းသား/ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)