ကော့သောင်း၌ (၂၄)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှော ဖလှယ်ပွဲ ကြိုဆိုဂုဏ်ပြု ကွင်းဆင်းဆေးကုသ

ကော့သောင်း ဒီဇင်ဘာ ၁၀

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ (၂၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ဂုဏ်ပြုကြိုဆိုသောအားဖြင့် အကြိုကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာဟောပြောပွဲကို ဒီဇင်ဘာ ၈ ရက်နေ့ နေ့လယ်ပိုင်းက ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာအုပ်စု (၇)မိုင်၊ ချောင်းဝကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းမြို့နယ်၊ တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးက "တိုင်းရင်းဆေးပညာ၏အဓိပ္ပါယ်နှင့် တိုင်းရင်းဆေး၏သဘောသဘာဝများကို ရှင်းလင်းပြောကြားပြီး ရာသီအလိုက်ဖြစ်တတ်သောရောဂါများ၊ ရောဂါဖြစ်ရခြင်းအကြောင်း၊ ရောဂါမဖြစ်အောင် ပြုမှုနေထိုင်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ အမျိုးသမီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများ၊ ရှောင်ရန်၊ ဆောင်ရန်များနှင့်  နေထိုင်စားသောက်မှု အလေ့အကျင့်ကောင်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၏ ကျန်းမာရေးဆိုင်ရာအသုံးဝင်ပုံများနှင့် တိုင်းရင်းဆေးပညာအကြောင်း သိ‌ကောင်းစရာ ဗဟုသုတဖြစ်ဖွယ်များအား ဟောပြောခဲ့သည်။

ယင်းနောက် ချောင်းဝကျေးရွာနေပြည်သူများသက်ကြီးဘိုးဘွားများအား  ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်၍ ဆေးကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)