တနင်္သာရီ ဒီဇင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက တိုက်ဆိုင်စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲစာရင်းတွင် ပါဝင်ခြင်းမရှိ၍ ပုံစံ (၃) ၊ ပုံစံ (၄) နှင့် ပုံစံ ၄ (ဂ) တို့ဖြင့် လျှောက်ထားသည့် လျှောက်လွှာပါအချက်အလက်များနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးရှိ Sever ဖြင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်နိုင်ဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သီသီခိုင်(ပြန်/ဆက်)