ပုလောမြို့နယ်၌ အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုနှင်းသဘင်နှင့် စာတော်ဖြေအခမ်းအနား ကျင်းပ

ပုလော ဒီဇင်ဘာ ၁၀

ပုလောမြို့နယ်၌ ၂၀၂၄ ခုနှစ်အတွက် အဘိဓမ္မာ၊ ဝိသုဒ္ဓိမဂ် စာအောင်ဆုနှင်းသဘင်ကို  ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ်(၂)ရပ်ကွက် လယ်ဝိုင်းကျောင်းတိုက်၍ ကျင်းပပြုလုပ်ခဲ့သည်။

စာအောင်ဆုနှင်းသဘင် အခမ်းအနားတွင် ပုလောမြို့နယ် ဩဝါဒစရိယ စစ်ပြင်ကြီး ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏဝံသထံမှ ငါးပါးသီလခံယူတည်ဆောက်ကြပြီး၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ လယ်ဝိုင်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကောဝိဒထံမှ အဘိဓမ္မာစာမေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဩဝါဒစကား ချီးမြှင့်တော်မူခဲ့သည်။

၂၀၂၄ ခုနှစ်တွင် ပုလောမြို့နယ်တွင် အဘိဓမ္မာဂုဏ်ထူးဆောင်၊ အဘိဓမ္မာ (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်)နှင့် ဝိသုဒ္ဓိမဂ် တို့တွင် ၅၂ ဦး အောင်မြင်ခဲ့ရာကြွရောက်လာကြသည့် မြို့နယ်ဩဝါဒစရိယ ဆရာတော်နှင့်တာဝန်ရှိသူများက စာအောင်လက်မှတ်များ ချီးမြှင့်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွက် ပုလောမြို့နယ်၌ အဘိဓမ္မာဂုဏ်ထူးဆောင်၊ အဘိဓမ္မာ (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်) နှင့်  ဝိသုဒ္ဓိမဂ်စာမေးပွဲများကို ဆက်လက်ကျင်းပပြုလုပ်လျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ ၈၄ ဦး ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)