ကျောက်ဆည် ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာမှ “ရွှေဆူးလေ” လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းဝင်များအား ကိုဗစ်-၁၉ကာလအတွင်း မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့နံနက် ၉ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်လွင်က သမအသင်းဝင်များ စားဝတ်နေရေးနှင့် စီးပွားရေး အဆင်ပြေစေရေးအတွက် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း ချေးငွေများ ပြန်လည်ပေးသွင်းရာတွင် ဝန်ထုပ်ဝန်ပို မဖြစ်စေရေးအတွက် မိမိတို့ချေးယူထားသော ငွေးကြေး၏ (၁၆)ပုံ (၁)သာ အရစ်ကြစနစ်ဖြင့် ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း ယခုအခါတွင်လည်း အသင်းဝင်များအား ဆန်အပါအဝင် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် “ရွှေဆူးလေ”ကျေးရွာသမဝါယမ အသင်းဝင်မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရေး အသင်းဝင် (၆၀)ဦးအား တစ်ဦးလျှင် ဆန်(၃)ပြည်၊ ဆီတစ်ပိဿာနှင့် ဆပ်ပြာခဲများကို မြို့နယ်သမဝါယမ ဦးအရာရှိ ဦးအောင်လွင်နှင့် ရွှေဆူးလေ ကျေးရွာသမအသင်းဥက္ကဋ္ဌ ဦးသန်းလွင်၊ အသင်းအတွင်းရေးမှူး ဒေါ်နှင်းနှင်းမော် တို့က အသင်းဝင်တစ်ဦးချင်းစီး၏ လက်ဝယ်အရောက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)