ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်‌ဆေး

ကော့သောင်း  ဒီဇင်ဘာ  ၁၀

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ ဌာနဆိုင်ရာဝန်ထမ်းများ ပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီးနောက် မဲစာရင်းတွင်ပါဝင်ခြင်းမရှိသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ၄(ဂ)ဖြင့် လျှောက်ထားသူများ၏ အချက်အလက်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ e-ID Server ဖြင့် တိုက်ဆိုင်စိစစ်ခြင်း၊ မဲစာရင်းမထပ်၊ မကျန်စေရေး လုပ်ငန်းများနှင့် ကွဲလွဲချက်များ မရှိစေရေး တစ်ဆက်တည်းဖြေရှင်းခြင်းလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)