ဘုတ်ပြင်း ဒီဇင်ဘာ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်အတူတာဝန်ရှိသူများက ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်က ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တာဝန်ရှိသူများအား ဘုတ်ပြင်းခရိုင် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးကြသည်။
ဆွေးနွေးရာ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက ဘုတ်ပြင်းခရိုင်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်သူများ မဲပေးရာတွင် အခက်အခဲမရှိ မဲပေးနိုင်ရန် ဆောင်ရွက်ထားရမှာဖြစ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်ထားသည့်မဲရုံများသို့ မဲပေးစက်များ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ မဲပေးစက်များအသင့်ဖြစ်နိုင်ရေး၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်သူများ အသင့်ဖြစ်စေရေး၊ လုံခြုံရေးကောင်းမွန်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က မဲစာရင်းများ တိကျမှန်ကန်မှုရှိရေးကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်နှင့် ဒုတိယအကြိမ်မဲစာရင်းများကို ပြည်သူများ အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရေး ပူးပေါင်းဆောင်ရွက် ပေးရန်တို့ကို ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဘုတ်ပြင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တတိယအကြိမ် မဲဆန္ဒရှင်စာရင်းဆောင်ရွက်မည်အခြေအနေများ၊ ရပ်ကွက်/ကျေးရွာများရှိ မဲရုံများသို့ (MEVM) မဲပေးစက်များ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာများကို ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဖွင့်လှစ်ထားရှိသည့် ပုလဲရွှေရည်ခန်းမတွင်မဲပေးစက်များ စနစ်တကျထားရှိမှုများ၊ မဲရုံသုံး စာရေးကိရိယာများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေဘုံသာရပ်ကွက် မြို့နယ်အားကစားခန်းမတွင် ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ဆောင်ရွက်မှုကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)