မိုးမိတ် ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အသုံးပြုပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား အရည်အသွေး ပြည့်မှီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းသည် မြောက်ပိုင်းရပ်ကွက်ရှိ ရတနာလမ်း(ကတ္တရာလမ်း)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းဖြစ်ပြီး အရှည် ၄၇၀ ပေ၊ အကျယ် ၁၂ လက်မ၊ လမ်းထု ၆ လက်မရှိပြီး မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၁၄.၈၈)သန်းဖြင့် လည်ကောင်း၊ တောင်ပိုင်းရပ်ကွက် ရွာတော်လေး(၃)လမ်းအား ကွန်ကရစ် ခင်းကျင်းရာတွင်လည်း (အရှည် ၇၀၀ ပေ၊ အကျယ် ၁၂ လက်မ၊ လမ်းထု ၆ လက်မရှိပြီး ငွေလုံငွေရင်း ရန်ပုံငွေကျပ်(၁၅.၃၀)သန်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီး မိန်းမြစ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)