ကြာအင်းဆိပ်ကြီးမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာနှိုးဆော်‌ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနှိုး‌ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က အမှတ် (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့်သိပ္ပံလမ်းဆုံ ပြည်သူ့ဆေးရုံရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းနှင့် အဖွဲ့ဝင်များက ဒို့အတူတူမဲပေးကြမယ် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့ မြေစိုက်ပိုစတာအားစိုက်ထူ၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အလားတူ အဆိုပါ မြေစိုက်ပိုစတာကို အမှတ် (၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် စိုက်ပျိုးရေးလမ်းဆုံ ဇမိရတနာစျေးထောင့်တွင်လည်း‌ကောင်း အမှတ် (၁) ရပ်ကွက်၊စိုက်ပျိုးရေးလမ်းနှင့်အောင်သီဟလမ်းဆုံတွင်လည်းကောင်း၊ အမှတ် (၂) ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းနှင့်ရွှေဝါလမ်းဆုံတွင် အမှတ် (၅) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့်စိုက်ပျိုးရေးလမ်းဆုံတွင်လည်းကောင်း၊ အမှတ် (၆) ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းနှင့် ကျွန်းတောလမ်းဆုံတို့တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့များက ပူးပေါင်းစိုက်ထူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)